Trailer : Fearless Love (2022)
Synopsis : Fearless Love (2022)
Fearless Love 2022 : ပလွိုင်နဲ့ဒင်ဟာ လက်ထပ်ခွင့်တောင်းရာကနေ လမ်းခွဲပြတ်ဆဲခဲ့ရတဲ့ချစ်သူတွေပေါ့…
တစ်ရက်… သူတို့နှစ်ဦးက လက်စွပ်ကုမ္ပဏီတခုအတွက် ချစ်ဟန်ဆောင်ပြီး လက်ထပ်ခွင့်တောင်းရမဲ့ အခန်းသရုပ်ဆောင်ဖို့အကြောင်းဖန်လာတော့တယ်… သူတို့နှစ်ဦးပြန်နီးစပ်မဲ့ ဒီကြော်ငြာကိုရိုက်ကူးဖို့ အယုဒ္ဓယဘက်သွားရင်းနည်းပြဘောရီဘွန်နဲ့မတော်တဆဆုံကြတယ်…သူတို့၃ဦးက လမ်းခုလပ်တနေရာအရောက် ရွာတခုထဲက ဦးလေးပေါ်ဆီမှာ ဝင်တည်းခဲ့ကြစဥ်မှာတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တခုနဲ့အတူကြုံခဲ့ကြရပါတော့တယ်…. သူတို့ ၃ဦး ဒီသရဲရန်ကနေလွှတ်မြောက်သွားနိုင်ပါ့မလား…
သရဲထန်ခွန်ကလည်း ဘာအကြောင်းကြောင့် ပလွိုင်နဲ့ဒင်ကိုလိုက်သတ်နေရတာလဲ…
သူတို့ရိုက်ကူးမဲ့ ဒီကြော်ငြာကရောပြီးဆုံးသွားနိုင်ပါ့မလား….ပလွိုင်နဲ့ဒင်ရဲ့ဇာတ်လမ်းကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာ… ကြည့်လိုက်ကြပါဦးနော်….